ညောင်ဦး ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကန်ကြီးကုန်းရွာ ဘုန်းတော်ကြီးသင် ကျောင်းတက်ပညာသင်ယူလျက်ရှိသည့် ကျောင်းသားကျောင်းသူ(၇၀)အတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတ မိသားစုမှ ဇွန် ၁၀ရက်၊ နံနက်ပိုင်းက ဗလာစာအုပ်နှင့်ခဲတံများ သွားရောက်လှူဒါန်းခဲ့ကြောင်း ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစု အသင်းအကျိုး တော်ဆောင်များထံက သိရသည်။
ညောင်ဦးမြို့နယ် ကန်ကြီးကုန်းကျေးရွာ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူ (၇)ဦးအတွက် ကျောင်းသုံးပစ္စည်းများဖြစ်သည့် ပေတံ (၅၀)ချောင်း၊ ခဲတံ အချောင်း (၄၀)၊ ဗလာစာအုပ် (၃၀၀)၊ ခဲဖျက် ခုရေ (၅၀)၊ ခဲတံချွန်စက်(၅)ခုတို့အား ကန်းကြီးကုန်းကျေးရွာ၊ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်းသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ