ညောင်ဦး ဧပြီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေခံ လက်မှတ်ရှိ/မရှိကို မြို့အဝင်အထွက်ဂိတ်များ၌ ဧပြီ ၁၁ ရက် နံနက်ပိုင်းမှ စတင်၍ ရှောင်တခင်စစ်ဆေးလျက်ရှိပြီး ဆေးမထိုးရသေးသူများအား ဆက်လက် ထိုးနှံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်ကာကွယ် ဆေးထိုးပြီး ကြောင်း သက်သေခံလက်မှတ်များ ရှိ/မရှိကို စစ်ဆေးဆောင်ရွက်လျက်ရှိကြရာ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား မြို့အဝင်အထွက်ဂိတ်တွင် ချက်ချင်း ထိုးနှံပေးခြင်းကို Mobile ပူးပေါင်းအဖွဲ့က ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ထိုးနှံရာ၌ မကျန်ရှိစေရေး မြို့နယ်အတွင်းရှိ ပြည်သူများကို စည်းရုံးပြီး ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး စစ်ဆေးကြီးကြပ်လျက်ရှိသည်။ ညောင်ဦး လေဆိပ်လမ်းဆုံ၊ ညောင်ဦး-ချောက်သွားကားလမ်း လောကနန္ဒာဥယျာဉ်ဂိတ်၊ ညောင် ဦး-မြင်းခြံ လက်ပံခြေပေါ်ဂိတ်၊ မဏိစည်သူဈေးနှင့် ဘုဉ်းစဉ်အခွန်လွတ်ဈေးနေရာများတွင် Mobile ပူးပေါင်းအဖွဲ့က ညောင်ဦးမြို့နယ်အတွင်း ရာနှုန်းပြည့် ထိုးနှံနိုင်ရေး စစ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း