ညောင်ဦး ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ သောက်သုံးရေလိုအပ်လျက်ရှိသော ကြို့ပင်သာကျေးရွာနှင့် မောက်စက်ကုန်းတဲတိုက်သို့ ယနေ့ နံနက်ပိုင်းက သောက်သုံးရေဂါလံ ၃၂၀၀ လှူဒါန်းခဲ့ကြောင်း မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံမှ သိရသည်။
ထိုသို့လှူဒါန်းရာတွင် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန တောင်ဇင်းနယ်မြေ မီးသတ်စခန်းမှ မီးသတ်ရေသယ် ယာဉ်ဖြင့်ရေဂါလံ ၃၂၀၀ လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။
ကိုကြေးမုံ