ညောင်ဦး စက်တင်ဘာ ၁
အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမြို့နိုင် (ဒုတိယညွှန်ကြားရေးမှူး)နှင့် ယွန်းပညာကောလိပ်(ပုဂံ)မှ ကျောင်းအုပ်ကြီး ဒေါနီလာမြင့်တို့က အမှာစကားပြောကြားပြီး ညောင်ဦးခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ သင်တန်းသား ၂၀ ဦးဖြင့် တစ်လကြာဖွင့် လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကြေးမုံ