နန်းယွန်း   ၁၃   ဩဂုတ်


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်း၊ ဒုံဟီး၊ ပန်ဆောင်မြို့နယ်များ၌ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲစာရင်းတွင် မိမိအမည်နှင့်အချက်အလက် မှားယွင်းနေ၍ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်ပေးရန် လျှောက်ထားသူ ၁၂၀ ရှိပါကြောင်း နန်းယွန်းမြို့နယ် ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲရုံးမှ သိရသည်။


နန်းယွန်း၊ ဒုံဟီး၊ ပန်ဆောင်မြို့နယ်များတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာမှုတွင် ဩဂုတ် ၁၂ ရက်အထိ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူ ၆၃၀၆ ဦး၊ မဲစာရင်းတွင်  မိမိအမည်မပါရှိ၍ ပုံစံ(၃)ဖြင့် လျှောက်ထားသူ ၃၆ ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေ၍ ပုံစံ(၄)ဖြင့် လျှောက်ထားသူ ၃၇  ဦး ရှိကြောင်း သိရသည်။


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နန်းယွန်း၊ ဒုံဟီး၊ ပန်ဆောင်မြို့နယ်များ၌ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်း ၃၁၃၉၈ ဦးရှိပြီး မဲရုံစုစုပေါင်း ၈၂ ရုံ စီစဉ်ဆောင်ရွက်ထားရှိကြောင်း နန်းယွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။ 


မွှေးကြူဇင်