နန်းယွန်း ၂၇ နိုဝင်ဘာ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်း-ပန်ဆောင်လမ်းပိုင်းအတွင်းရှိ ကျောက်ခင်းလမ်း ၅ မိုင်၊ အဆင့်မြှင့်တင်မည့်လုပ်ငန်းအား နန်းယွန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဘိုဘိုကျော်နှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းပိုင်းအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၄၁၆ ဒသမ ၈ သန်းဖြင့် ဆောင်ရွက်မည် ဖြစ်သည်။
အဆိုပါလမ်းပိုင်း ဆောင်ရွက်ပြီးပါက နန်းယွန်းမြို့နယ်နှင့် ပန်ဆောင်မြို့ရှိ အိမ်ခြေ ၄၁၅၉ အိမ်၊ လူဦးရေ ၂၄၈၀၀ ဦးတို့၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးတို့အတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
မွှေးကြူဇင်


