ကလော ၁၅ စက်တင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ရွှေညောင် - ကလော - သာစည် အစုန်၊ အဆန် မီးရထားခရီးစဉ်များကို ကိုဗစ်-၁၉ ရောဂါကြောင့် ဧပြီလမှ စတင်ရပ်နားထားခဲ့ရာ ဇူလိုင် ၆ ရက် နံနက်ပိုင်းမှစတင်ကာ နေ့စဉ်ပုံမှန် ပြန်လည်ပြေးဆွဲလျက်ရှိပြီး ယခုအခါ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းမှစတင်၍ ပြေးဆွဲမှု ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

 

ခရီးစဉ်များ ပြန်လည်ပြေးဆွဲပါက အများပြည်သူသိရှိအောင် သတ်မှတ်အချိန်ကာလကို ကြေညာပေးသွားမည်ဖြစ်ကြောင်း ကလောမြို့ မီးရထားဘူတာရုံပိုင် ဦးတင်မောင်ဌေးထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)