နတ်မောက် ၁၆ သြဂုတ်

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အိုင်ဇောက်ကျေးရွာတွင် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရွာဦးထိပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။                   

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်လင်းက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မကွေးတိုင်းဒေသကြီးလွှတ်တော် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ရေးရာကော်မတီဉက္ကဋ္ဌနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေတို့က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဒု-တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ဇော်ငြိမ်းက       လျှပ်စစ်ဓာတ်အား    ဖြန့်ပေးမှုအခြေအနေ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မကွေးခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးဘုန်းနိုင်နှင့် နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဝင်းမော်တို့က နတ်မောက်မြို့နယ် ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

 

နတ်မောက်မြို့နယ် အိုင်ဇောက်ကျေးရွာတွင် အိမ်ခြေ(၁၉၀)၊ အိမ်ထောင်စု(၁၇၉)ဦးရှိပြီး အဆိုပါလျှပ်စစ်မီးရရှိရေးတွင် တိုင်းဒေသကြီး လျှပ်စစ်မီးရရှိရေး စီမံချက်ရန်ပုံငွေနှင့် ကျေးရွာပြည်သူများ၏ ထည့်ဝင်ငွေဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

လှဝင်း(နတ်မောက်)