နတ်မောက်  ၁၄   သြဂုတ် 

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ကိုဗစ်-၁၉ အထူးချေးငွေ အနေဖြင့် တောင်သူဦးရေ  ၆၁၄၄  ဦးအား ငွေကျပ်သိန်း ၁၅၃၈၅.ဝ၀ ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။             

 

နတ်မောက်မြို့နယ်တွင် တောင်သူများအား ကိုဗစ်-၁၉ အထူးချေးငွေထုတ်ချေးမှုနှင့်ပတ်သက်၍ မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ  ဒေါ်မိုးမိုးသိန်းက  “မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေ အပြင် ကိုဗစ်-၁၉ အထူးချေးငွေကို နိုင်ငံတော်၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ကြောင့် တောင်သူများအား လယ်ယာလုပ်ငန်းများ လုပ်ကိုင်ရာတွင်အဆင်ပြေစေရန်  အတွက် လယ်ယာ တစ်ဧကလျှင် ငွေကျပ် (၅၀ဝ၀ဝ)နှုန်း ဖြင့် ဇူလိုင်လ (၁) ရက်နေ့မှ စတင်၍ ထုတ်ချေးခဲ့ရာ ကျေးရွာ အုပ်စု ( ၅၂ ) အုပ်စုမှ တောင်သူဦးရေ ( ၆၁၄၄) ဦးသို့ ဧက  ၃၀၇၇၀     အတွက်ချေးငွေ ကျပ်သိန်းပေါင်း ၁၅၃၈၅.ဝ၀  ထုတ်ချေးပြီး ဖြစ်ပါတယ်” ဟု ပြောသည်။           

           

အဆိုပါ ထုတ်ချေးငွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း တောင်သူများအနေ ဖြင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ  လုပ်ကိုင်ရာတွင် ပိုမိုအဆင်ပြေစေရန်အတွက် ကိုဗစ်-၁၉ အထူးချေးငွေအဖြစ် ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

 

ဝင်းမေထွန်း (နတ်မောက်)