နတ်မောက်   ၈  စက်တင်ဘာ 

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် တမလန်းပင်ကျေးရွာနှင့် မကွေးမြို့နယ်ကြာကန်   ကျေးရွာအရောက် ကိုယ်ထူကိုယ်ထမြေသားလမ်းဖောက်လုပ် မှုကို တမလန်းပင်ကျေးရွာပြည်သူများ စုပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

အဆိုပါ ကိုယ်ထူကိုယ်ထ မြေသားလမ်းသည် တမလန်းပင် ကျေးရွာဆရာတော်ဦးစီး၍ လမ်းကော်မတီ တို့က ကြီးကြပ်ပြီး၊ရပ်နီးရပ်ဝေးမှ အလှူရှင်များ၏ မတည်ငွေသိန်း (၁၅၀)ဖြင့် အရှည် (၃)မိုင်၊ အကျယ် (၂၅)ပေ မြေသားလမ်းဖြစ်ကြောင်း သိရသည်။         

 

mdn

                                                                                          

 

 “ကျွန်တော်တို့ ဒီလမ်းကိုစုပေါင်းဖောက်လုပ် မယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်။ လမ်းပန်း ဆက်သွယ်မှု ကောင်းသွားရင် တမလန်းပင်ကျေးရွာ၊ အင်တောရွာသစ်ကျေးရွာ၊ ညောင်ကျပ္ပင်ကျေးရွာ၊  တက်ဝန်(တ)၊ တက်ဝန်(မ)၊ ရှမ်းကုန်း၊ ထုံးပေါက်ချိုင်း၊ ညောင်ကုန်းကျေးရွာနှင့် မြင်သာ၊ ဂွေးကုန်းကျေးရွာတဲ့ ရွာ (၉)ရွာမှ ထွက်ရှိတဲ့ ပဲ၊ နှမ်းများကို နတ်မောက်မြို့နယ်နှင့် မကွေးမြို့တို့ကို အချိန်တိုအတွင်း သွားရောက်ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်နိုင်ပါတယ်၊ ခုအချိန်မှာတော့ ဒီလမ်းကြီးဟာ (၇၀)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါတယ် ဟု တမလန်းပင်ကျေးရွာ ဦးခင်အောင်သန်းမှ ပြောကြားခဲ့သည်။

 

လှဝင်း(နတ်မောက်)