နတ်မောက်  ၁၃  စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား Take-Away (ပါဆယ်)စနစ်ဖြင့် ပြန်လည်ရောင်းချသွားရေး ကြပ်မတ်ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

 

သြဂုတ်လ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်တွင် တွေ့ရှိခဲ့သည့် ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှုအချို့တွင် ဆိုင်ထိုင်စားသောက်ခြင်းမှ ကူးစက်ခံရသူများ ပါဝင်ခဲ့သဖြင့် ကိုဗစ်စည်းမျဉ်းများနှင့်အညီ စနစ်တကျ ရောင်းချရန်  စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို  စက်တင်ဘာ(၁၄)ရက်နေ့မှစ၍  Take-Away (ပါဆယ်) စနစ်ဖြင့် ပြန်လည်ရောင်းချသွားစေရေး နတ်မောက်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် အတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့၀န်ထမ်းများ အသိပေးအကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်း သိရှိရသည်။

လှဝင်း