နတ်မောက် ၁၂ သြဂုတ်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများကို နတ်မောက်မြို့နယ်တွင် ဇူလိုင် ၂၅ ရက်မှစတင်ပြီး ဩဂုတ်လ (၁၄)ရက်နေ့ အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံး ၂၃၄ ရုံး တို့တွင် ကပ်ထား ကြေညာလျက်ရှိရာ ယနေ့အချိန်အထိ နတ်မောက် မြို့နယ်တွင် မဲစာရင်းလာရောက်ကြည့်ရှုသူ ဦးရေ ၆၅၀၀၀ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ပထမအကြိမ် ကပ်ထားသည့် မဲစာရင်းများတွင် မဲဆန္ဒရှင်များအနေနှင့် မဲစာရင်းများအား ဖြည့်စွက် လိုခြင်း၊ ပယ်ဖျက်လိုခြင်း၊ ကန့်ကွက်လိုခြင်း၊ ပြင်ဆိုလိုခြင်းရှိသည်များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးသို့ လာရောက်ဆောင်ရွက်ရာတွင် ယနေ့အထိ မိမိအမည်မပါရှိ၍ ပုံစံ(၃)ဖြင့် လျှောက်ထားသူ ၄၉၇ ဦးခန့် ၊ မဲစာရင်းတွင် မိမိအမည်နှင့်အချက်အလက်မှားယွင်းနေ၍ ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်ပေးရန် လျှောက်ထားသူ ၃၁၈ ဦးခန့် နှင့် ပုံစံ(၄) မဲစာရင်းတွင် မပါဝင် သင့်သူ ကန့်ကွက် သူ ( ၁၅၁ )ဦးခန့်ရှိပြီး ပထမအကြိမ်ကပ်ထားသည့် မဲဆန္ဒရှင် စာရင်းဦးရေမှာ ၁၈၉၀၀၀ ခန့် ရှိကြောင်းနှင့် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာခြင်းကို အောက်တိုဘာလတွင် (၁၄)ရက်ထပ်မံ ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း သိရှိရသည်။
လှဝင်း (နတ်မောက်)