နတ်မောက် ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးရွာအချို့၌ မြေအောက်ရေကို အသုံးချ၍ ပန်းမျိုးစုံ၊ မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များကို စတင်စိုက်ပျိုးလျက်ရှိရာ ယခုလတွင် စျေးကွက်ဝင် ဂန္ဓာမာပန်း များကိုလည်း စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။
ဂန္ဓာမာပန်းမျိုးကို ဒေသ၌ စိုက်ပျိုး၍ မဖြစ်ထွန်းသည့်အတွက် မန္တလေး၊ ပြင်ဦးလွင် ပန်းမျိုးရောင်းဝယ်ရေး ဆိုင်များကို မှာယူရကြောင်း၊ ထိုင်းကျောက်စိမ်းပျိုးပင် တစ်ပင်ကို ငွေကျပ် ၂၀၊ လက်ကီးပျိုးပင် တစ်ပင်ကို ၁၈ ကျပ်နှုန်း ပေးဝယ်ရကြောင်း န/လက္ခုပ္ပင်ကျေးရွာမှ တောင်သူ ဦးအုန်းလွင်က ပြောပြသည်။ ဂန္ဓာမာပန်းသည် အနည်းဆုံး နှစ်ကြိမ်မှ သုံးကြိမ်အထိ ဖူးပွင့်သဖြင့် ရာသီးမရွေး စိုက်ပျိုးနိုင်ပြီး ပြုစုပေးနိုင် သလောက် ဝင်ငွေရစေသော ပန်းမျိုးဖြစ်ကြောင်း သိရသည်။
မူမူစန်း