နတ်မောက် ဇန်နဝါရီ ၇

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် မဲရုံများနှင့် မဲပေးစက်များကို ယမန်နေ့တွင် မြို့နယ်မီးသတ် ဦးစီးဌာနဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များက လိုက်လံစစ်ဆေးသည်။

 

ထိုသို့ စစ်ဆေးခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဌေးမော်နှင့် တပ်ဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်စုများတွင် မဲရုံပြုလုပ်မည့် အခြေခံပညာစာသင်ကျောင်းများ၊ ဓမ္မာရုံများတွင် လျှပ်စစ်ဝိုင်ယာကြိုး သွယ်တန်းထားရှိမှု အခြေအနေများ၊ မဲရုံအတွင်းခန်းများ အလင်းရောင်ကောင်းစွာ ရရှိမှုအခြေအနေများ၊ မီးငြှိမ်းသတ်ရေးပစ္စည်းများနှင့် မီးသတ်ဆေးဘူးများ ထားရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအတွင်းထားရှိသည့် မြန်မာအီလက်ထရောနစ် မဲပေးစက်များ မီးဘေးလုံခြုံရေး ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း