နတ်မောက် ၁၄ ဩဂုတ်
၂၀၂၀-ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက နတ်မောက်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်က အဖွင့်အမှာစကားပြောကြားပြီး မကွေးခရိုင် ကော်မရှင် အဖွဲ့ခွဲဝင် မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနမ်ရဲမင်က ခရိုင်ကော်မရှင်၏ လုပ်ငန်းတာဝန်များ၊ ရွေးကောက်ပွဲ ဥပဒေအကြောင်းအရာများ၊ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် တာဝန်ဝတ္တရားများကို ရှင်းလင်းခြင်း၊ ပုံစံ-၃၊ ပုံစံ-၄နှင့် ပုံစံ (၄-ဂ) တွင် ဖြည့်စွက်မှုပုံစံများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နတ်မောက်မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးခင်မောင်လွင်က ရွေးကောက်ပွဲနှင့် ပတ် သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ နတ်မောက်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဟေမာလှိုင်က မဲရုံများမှ မဲရုံတစ်ရုံ၏အကျယ်အဝန်း၊ မဲရုံ၏ဖွဲ့စည်းမှုပုံစံပြုလုပ်ပုံများ ရှင်းလင်း ဆွေးနွေးခဲ့ပြီး နတ်မောက်မြို့နယ် ကော်မရှင်အဖွဲ့ခွဲဝင် မြို့နယ်အလုပ်သမားလူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဖြိုးဝေဝင်းက မဲစာရင်းတွင် လူဦးရေကောက်သည့် စာရင်း အချက် အလက် ပုံစံများ ၊ မဲစာရင်းအပေါက်ဖာရာတွင် လိုအပ်သည့်အကြောင်းအရာများကို ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများအား လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရန် ရှင်း လင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက သိရှိလိုသည် များကို ပြန်လည်မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ ဌာနများမှ ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
လှဝင်း (နတ်မောက်)