နတ်မောက် ၂၁ ဩဂုတ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ အသက် ၉ နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကလေးငယ်များအတွက် ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်း အစီအစဉ်အရ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး Human   Papilloma  Virus (HPV) ဆေးထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ မှ ၂၀၁၁ ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားသည့် အသက် ၉ နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးငယ်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊  ပြည်သူ့ကျန်းမာရေးဦးစီးဌာန  တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းက ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစတင်၍ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင်(၁၃)မျိုးကို ကာကွယ်ဆေး အဖြစ် စတင်ထည့်သွင်းထိုးနှံပေးမည် ဖြစ်သည်။

 

နတ်မောက် မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ်စုစုပါင်း (၂၈၁) ဦးရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လှဝင်း(နတ်မောက်)