နတ်မောက် ၁၄ စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့်အနေဖြင့်  နတ်မောက်မြို့အဝင် မြောက်ဂိတ်နှင့် တောင်ဂိတ်တို့၌ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဦးဆောင်သော အဖွဲ့မှ ယနေ့နံနက် ၈ နာရီခန့်က ပြုလုပ်ခဲ့သည်။

 

မြို့နယ်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္က နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပုဂ္ဂလိက လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းတစ်ခုအဖြစ် ပူးပေါင်းစစ်ဆေးရေး ဂိတ်များ ပြန်လည်ဖွင့်လှစ်၍ မော်တော်ယာဉ်အဝင်/အထွက် စာရင်းပြုစုမှတ်သားခြင်း၊ မြို့တွင်းဖြတ်သန်း သွားလာသောယာဉ်များကို အမှန်တကယ် ဖြတ်သန်းသွားလာခြင်း ရှိ/မရှိကို စစ်ဆေးရေး ဂိတ်တစ်ခုနှင့် တစ်ခုချိတ်ဆက်၍စိစစ်ဆောင်ရွက်ခြင်း၊ မြို့အတွင်းသို့ ဝင်ရောက်လာသူများအား ခရီသွားလာခွင့် အထောက်အထားများ စိစစ်၍ Stay at Home ဒေသမှဖြစ်ပါက Quarantine ဝင်ရောက်ရန် စသည့်အချက်များကို စနစ်တကျ စိစစ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

သင်းသင်းဝေ(နတ်မောက်)