နတ်မောက်   စက်တင်ဘာ  ၁

 

စားဖိုဆောင်သုံး ငရုတ်သီးပင်များ စီးပွားဖြစ်စိုက်ပျိုးလာကြခြင်းကြောင့် စိုက်ပျိုးရေးတောင်သူများမှာ  ယခုအခါ ပုံမှန်ဝင်ငွေများရရှိနေကြောင်း နတ်မောက်မြို့နယ်အတွင်းရှိ ငရုတ်စိုက်ပျိုး လုပ်ကိုင်နေသူ များထံမှ သိရသည်။

 

ငရုတ်ပင်ကို စိုက်ပျိုးသည့်အခါ ပင်ကြား(၂)ပေ၊ ဘောင်ကြား(၃)ပေထားကာ ဘောင်စနစ်ဖြင့် စိုက်ပျိုးကြသဖြင့် မိုးရွာသည့်အခါတွင် ရေလောင်းခြင်းမလိုအပ်သော်လည်း မိုးခေါင်လများတွင် မြေအောက်ရေသွင်းခြင်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ တစ်ဧကလျှင် ငရုတ်ပင် (၇၀၀၀)ခန့် စိုက်ပျိုးနိုင်ကြောင်း သိရသဉ်။

 

စိုက်ပျိုးပြီး(၂)လအကြာတွင် အသီးစတင်ခူးယူကာ ရောင်းချနိုင်ပြီး တစ်ပတ်တစ်ကြိမ်ခူးယူရ၍ အပင်သက်တမ်း ကြာလာသည်နှင့်အမျှ ငရုတ်သီးများ ပိုမိုထွက်ရှိလာမည်ဖြစ်ကြောင်း၊  ပထမအကြိမ် ခူးဆွတ်စဉ်က ငရုတ်သီးပိဿာ (၈)ပိဿာခန့်ရရှိပြီး ယခုလက်ရှိစျေးကွက်တွင် တစ်ပိဿာလျှင် (၃၅၀၀)ကျပ် ရောင်းရကာ ဝင်ငွေ(၂၀၀၀၀)ကျော်ရရှိကြောင်း လျှော်တောင်ကျေးရွာအတွင်း ငရုတ် စိုက်ပျိုးလုပ်ကိုင်သူ ဦးမောင်မောင်ထံမှ သိရသည်။

 

ငရုတ်သီးများကို ပထမခူးဆွတ်ချိန်တွင် အသီးအစိုဖြင့်ရောင်းချကြပြီး နောက်ပိုင်း၌ အခြောက်ထားကာ သိုလှောင်ရောင်းချကြကြောင်း သိရသည်။

လှဝင်း(ပြန်/ဆက်)