နတ်မောက် ၂၆ သြဂုတ်
မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ နတ်မောက်မြို့နယ်တွင် တိုင်းရင်းကြက်မွေးမြူထုတ်လုပ်မှု သင်တန်း ဒုတိယအကြိမ် ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီက အင်းကုန်းကျေးရွာ ၊ ကန်စွယ်ကျောင်းတိုက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက COVID – 19 ၏ စီးပွားရေးထိခိုက်မှုအပေါ် သက်သာစေရေးစီမံချက် (CERP)အရ ဖွင့်လှစ်ခြင်းဖြစ်ပြီး သြဂုတ်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၂၇ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချသွားမည် ဖြစ်သည်။
သင်တန်းကို သင်တန်းနည်းပြ (၄) ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/ သူ ( ၄၀ )ကို COVID -19 ကာကွယ် ထိန်းချုပ်သည့်အနေဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲ၍တစ်ဖွဲ့လျှင် သင်တန်းသား/သူ (၂၀)ဖြင့် သင်တန်းကာလ (၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သင်းသင်းဝေ ( နတ်မောက်)


