နတ်မောက်  ဇူလိုင်   

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးရွာများရှိ တောင်သူများအနေဖြင့် ထိုင်ဝမ်ပဲတိုင်ထောင်(ခေါ်) တိုင်ထောင်ပဲများကို စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

တိုင်ထောင်ပဲများကို ထိုင်ဝမ်မျိုးစေ့မျိုးရင်းများကိုသာ စိုက်ပျိုးလျက်ရှိပြီး မျှားနီတံဆိပ် ထိုင်ဝမ်တိုင်ထောင်ပဲ မျိုးစေ့များကို ရွေးချယ်စိုက်ပျိုးရကြောင်း၊ မြေကိုစနစ်တကျပြုပြင်ပြီး ဘောင်တင်ကာ အတန်းလိုက် အကွက်လိုက် စိုက်ပျိုးရကြောင်း/လက်ခုပ်ပင်ကျေးရွာ တောင်သူ ဦးအောင်ငွေသိန်းက ပြောသည်။

 

ကျမတို့အခေါ်တော့ ပဲတိုင်ထောင်စိုက်ပျိုးရာတွင် မြေကိုစနစ်တကျပြုပြင်၍ နွားချေးနဲ့ သစ်ရွက်ဆွေး မြေဩဇာ ထည့်ပြီး မြေကိုကျေညက်အောင် ထွန်ရတယ်၊ အဲဒီလိုမြေပြင်ပီးရင် အတန်းလိုက်ဘောင်တင်ပြီး ထိုင်ဝမ်တိုင်ထောင်ပဲ မျိုးစေ့ကို တစ်ထောင့်ထွာ အကွာအဝေးထားပြီး စိုက်ရတယ်၊ အပင်ဖြစ်ထွန်းပြီး ၁၅ ရက်သား အရွယ်ရောက်ရင် တိုင်တွေထောင်ပေးရတယ်၊ အပင်သက်တမ်း ၄၅ ရက်မှာ အဖူးအပွင့်လိုက်လာပြီး ရက်ပေါင်း ၆၀ ကျော်ရင်တော့ ဈေးကွက်ကိုတင်ပို့လို့ရပြီဟု /လက်ခုပ်ပင်ရွာမှ မစန်းရွှေက ပြောသည်။

 

တိုင်ထောင်ပဲသီး လှိုင်လှိုင်ပေါ်ချိန်မှာ အပင်သက်တမ်းရက်ပေါင်း (၇၀)အတွင်း ထိုင်ဝမ်တိုင်ထောင်ပဲ မျိုးစေ့တစ်ဘူး စိုက်ပျိုးထားသည့်စိုက်ခင်းမှ တစ်ကြိမ်ခူးဆွတ်လျှင် တိုင်ထောင်ပဲသီး ()ပိဿာခန့်ရရှိကြောင်း၊ ရက်လျှင် တစ်ကြိမ်ကျခူးဆွတ်ရပြီး နှစ်လနီးပါးခန့် တိုင်ထောင်ပဲများ ဆွတ်ခူးရောင်းချနိုင်ကြောင်း၊ တိုင်ထောင်ပဲသီး တစ်ပိဿာကို ကျပ် ၈၀ဝ၊ ၁၀၀ဝ နှုန်း လက်ကားဈေးရှိပြီး စားသုံးသူများက ပြည်တွင်းပဲတိုင်ထောင်ထက် ယခု ထိုင်ဝမ်တိုင်ထောင်ပဲများကို ပိုမိုနှစ်သက်ကြကြောင်း သိရသည်။

 

မူမူစန်း(နတ်မောက်)