နတ်မောက်   ၄  စက်တင်ဘာ

 

နတ်မောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထား ကြေညာနိုင်ရေး မြို့နယ်မဲဆန္ဒရှင်စိစစ်ရေးကော်မတီက မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှု ရှိစေရေး အတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ ယနေ့နံနက် ၉ နာရီက မဲစာရင်းများ ပြည့်စုံမှန်ကန်နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်မှုနှင့်ပတ်သက်၍ “ပထမအကြိမ် မပါဝင်သူများကို ဒုတိယအကြိမ်တွင် မှန်ကန်စွာ ပါဝင်နိုင်ရေး၊ မဲစာရင်း အချက်အလက် မှားယွင်းနေမှုများ မှန်ကန်မှုရှိစေရေး ၊ ပုံစံ(၃)ဖြင့် ပထမအကြိမ် တောင်းဆိုသူများ ဒုတိယအကြိမ်တွင် ပါဝင်နိုင်ရေး၊ ပြည်ပကတောင်းဆိုထားသည့် ပုံစံ(၁၅)များကို ပုံစံ(၃)ဖြင့် ဆောင်ရွက်ခြင်း၊ပုံစံ(၃)၊ပုံစံ(၄)၊ပုံစံ(၄-ဂ) ၊မှတ်ပုံတင် ကွက်လပ်များကို ပြင်ဆင်ဖြည့်စွက် ဆောင်ရွက် လျက်ရှိပါတယ် ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေး မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှု ရှိစေရေး မဲစာရင်းများစိစစ်ခြင်းကို  စက်တင်ဘာ (၂)ရက်နေ့မှစတင်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

သင်းသင်းဝေ