နတ်မောက်  ၈   စက်တင်ဘာ  

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံ ရန်ပုံငွေဖြင့် မြစည်းခုံလမ်း ကျောက်ရိုးစီရေမြောင်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးကြောင်း သိရသည်။

 

အဆိုပါ ကျောက်ရိုးစီရေမြောင်းမှာ အရှည် (၈၃၄) ပေ၊ အကျယ်(၅) ပေ၊ အနက် (၅) ပေရှိပြီး ခွင့်ပြုငွေကျပ်  ၅၄၂ သိန်းဖြင့် ဇူလိုင် ၂၈ ရက်က စတင်‌ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိထံမှ သိရသည်။

 

သင်းသင်းဝေ(နတ်မောက်)