နတ်တလင်း       ဇူလိုင်       ၂၁

 

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အမှတ်(၄၅) မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနမှ ဒမငယ်ကျေးရွာအုပ်စု၊ ဒမငယ်ကျေးရွာတောင်သူဦးဌေးကြိုင်၏ လယ်မြေ ဧက၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

သရုပ်ပြသရာတွင် ကူဘိုတာ ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသရုပ်ပြသခဲ့ပြီး စိုက်ပျိုးရာတွင် လယ်တစ်ဧကလျှင် တစ်နာရီခန့်သာ ကြာမြင့်ကာ ကုန်ကျစရိတ် သက်သာစေမည် ဖြစ်ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမည်ဆိုလျှင် မြို့နယ်စက်မှု လယ်ယာ ဦးစီးဌာနမှ စိုက်ပျိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝေယံဖြိုး