နတ်တလင်း ၁၉ မေ 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြစ်သော ပဲခူးတိုင်းဒေသကြီးအတွင်း အမှိုက်ကင်းစင် သန့်ရှင်းရေးအတွက် နတ်တလင်းမြို့နယ်တွင် ဌာနဆိုင်ရာနှင့် ပြည်သူလူထု ပူးပေါင်း၍ ယနေ့နံနက် နံနက် ၇ နာရီခွဲက စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

72054

 

ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထု စုစုပေါင်းအင်အား ၃၀ဝ ခန့်တို့သည် မြို့မရပ်ကွက်အတွင်းရှိ ဗိုလ်ချုပ်လမ်း၊ မင်းလမ်း၊ ဗိုလ်ရုံလမ်း၊ ကံကြီးလမ်းမတို့တွင် စုပေါင်းအမှိုက်ကောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)