နတ်တလင်း ၂၆ မေ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုဒဏ်ခံခဲ့ရသော ပြည်သူများအတွက် ဆန်၊ ရိက္ခာ အိမ်ဆောက်ပစ္စည်းနှင့် ထောက်ပံ့ရေးပစ္စည်းများထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို မေ ၂၆ ရက် နံနက် ၇ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးသိန်းဌေးအောင်က ပေးအပ်ရခြင်းအတွက် ဆောင်ရွက်မှုအဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။
မေလ ၁၅၊ ၁၆၊ ၁၉၊ ၂၀ နှင့် ၂၁ ရက်က တိုက်ခတ်ခဲ့သော လေပြင်းဒဏ်ခံစားခဲ့ရသည့် ရပ်ကွက်/ကျေးရွာ ၆၄ ခုမှ ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်း၊ ရိက္ခာ၊ ဆန်ဖိုးနှင့် ထောက်ပံ့ရေး ပစ္စည်းများကို ဝန်ကြီးချုပ်နှင့် သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူးတို့က ပေးအပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေး မှူးက လက်ခံရယူခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ် ၅၆ လုံး၊ အမိုးလန်နေအိမ် ၁၀၄၁ လုံးအတွက် ထောက်ပံ့ငွေနှင့် ရိက္ခာန်ဖိုးငွေ စုစုပေါင်း ကျပ်၄၀၁၁၉၇၅၀ ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN