နေပြည်တော် စက်တင်ဘာ ၁၈

 

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်သို့ သွားရောက်၍ သံဃာတော်များ၊ စာသင်သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် အခြားစားသောက်ဖွယ်ရာများ ဆပ်ကပ် လှူဒါန်းခဲ့သည်။

 

နယ်စပ်‌ရေးရာဝန်ကြီးဌာန အနေဖြင့် ဝါတွင်းကာလတွင် ဝါဆိုသံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲ မရှိစေရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးရှိ စာသင်တိုက်များ သို့လည်းကောင်း၊ ပရဟိတ ကျောင်းများသို့ လည်းကောင်း စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း လျက်ရှိကြောင်း သိရသည်။

 

 

သတင်းစဉ်