နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်း၊ ပရဟိတကျောင်းများအား ဆန်၊ ဆီနှင့် ကုလားပဲများ ထောက်ပံ့လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၁၆

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ ဝါတွင်းကာလ ဝါဆိုသံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဘုန်းတော်ကြီးကျောင်းများတွင် ဆန်၊ ဆီ၊ ကုလားပဲတို့ကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

 

ထိုသို့ လှူဒါန်းလျက်ရှိရာ တာချီလိတ်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ(ခရိုင်မှူး) ဒုတိယ ညွှန်ကြားရေးမှူး၊ ဒေါ်ဖြူပြာခ၊ သာသနာရေးဦးစီးဌာနမှ ခရိုင်သာသနာရေးမှူး၊ ဦးထွန်းကြည် မောင်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ ဝမ်မိုင် ဘုန်းကြီးကျောင်းသို့ ဆန်၊ ဆီ၊ ကုလားပဲများနှင့် အခြားလိုအပ်နေသော လှူဖွယ် ပစ္စည်းများကို သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)