နေပြည်တော်၊ စက်တင်ဘာ  ၃၀

 

နယ်စပ်ရေးရာဝန်ကြီးဌာနသည် ပြည်နယ်/တိုင်းဒေသကြီး အသီးသီးတွင် ဝါတွင်းကာလဝါဆို ဝါကပ်တော်မူကြသည့် သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေ ရေးအတွက် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ကုလားပဲများနှင့် လှူဖွယ်ပစ္စည်းများကို ထောက်ပံ့လှူဒါန်းပေးလျက်ရှိသည်။    

 

ထိုသို့ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနား ခရိုင်၊ ကန်ဦးကျောင်းတိုက်သို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှသိန်းနှင့် တာဝန်ရှိသူများက သွားရောက်၍ ကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်သားသာမဏေများနှင့် သီလရှင်များအတွက်ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥနှင့် အခြားလှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)