နေပြည်တော် ဖေဖော်ဝါရီလ ၁၅

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်း‌ဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သီတင်းသုံးနေထိုင်တော်မူကြသည့် သံဃာတော်များ၊ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် အခြားလှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ လက်ထောက်အတွင်းဝန် ဦးသိန်းဌေးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်၊ ဓမ္မာစရိယပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များ၊ စာသင်သားသာမ‌ဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥနှင့် အခြားလှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်