နေပြည်တော် ဧပြီ ၁၁

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ထောက်ပံ့ရန်ပုံငွေဖြင့် ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်း မြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာနှင့် ဝမ်နောင်ကျေးရွာအကြား ကွင်းအမှတ် ၇၊ ဝမ်မတ်ကွင်းအတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ကွက်ပေါ်တွင် 2.4kW ဆိုလာစနစ် တည်ဆောက်၍ 1500W ရေပန့် တပ်ဆင်ကာ ချောင်းရေတင် စိုက်ပျိုးခြင်းလုပ်ငန်းအတွက် ဧပြီလမှစတင်၍ ၆`x ၆`x ၁၃`ကျောက်စုရေစုကန်နှင့် ၁၂`x ၁၂`x ၆` မြေသား ရေလှောင်ကန် တူးဖော်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပြီး ဧပြီလကုန်တွင် ဒေသခံတိုင်းရင်းသား တောင်သူများအား ၁၂ လ ရာသီပတ်လုံး စိုက်ပျိုးရေ ပေးဝေနိုင်မည်ဖြစ်သည်။

 

အဆိုပါ Solar စနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးခြင်းလုပ်ငန်းအား ဌာနနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် တောင်သူ ၁၃ ဦး၏ စိုက်ပျိုးမြေ ၁၂ ဒသမ ၅၂ ဧကအား လွှမ်းခြုံအကျိုးပြုမည်ဖြစ်ပြီး မိုးစပါး၊ နွေစပါးနှင့်  ရာသီသီးနှံများ စိုက်ပျိုးရာတွင် ကုန်ကျစရိတ် လျော့နည်းသက်သာခြင်း၊ ၁၂ လရာသီ စိုက်ပျိုးနိုင်သည့်အတွက် တစ်ဖက်တစ်လမ်းမှ တောင်သူများ ဝင်ငွေပိုမိုတိုးတက်လားခြင်း အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)