နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

နေပြည်တော် ဖေဖော်ဝါရီ ၂၇

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ တောင်တန်းမြေပြန့် မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၇ရက်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံ‌ငွေ ၃၆၆ ဒ ၄၇၇ ကျပ်သန်းဖြင့် ကလောမြို့နယ် နန်းသဲ- တောင်လား- တောင်ကွဲ- နန်းတိုင်းသွားလမ်း  ကတ္တရာအပြီးသတ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုကို  ကွင်းဆင်းစစ်ဆေးသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်  ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ၁၁၂၃၆ ၉၇ ကျပ်သန်းဖြင့် မြေလမ်း ၄၀ မိုင် ဖာလုံ အာမခံလမ်း ၃ မိုင် ဖာလုံ၊ ကျောက်လမ်း ၂၅ မိုင် ဖာလုံ ၊ ကတ္တရာ လမ်း ၁ မိုင် ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာလမ်း ၇ မိုင် ဖာလုံ ၊ ကွန်ရစ်လမ်း ၂ မိုင် ဖာလုံ ၊ ကွန်ကရစ် တံတား ၁၂ စင်း၊ Box Culvert ၁၅၆ စင်း၊ ကျောက်တောင်မိုင်းခွဲခြင်းလုပ်ငန်း လေးခု၊ ကျောက်စီ ရေမြောင်းလုပ်ငန်း သုံးခု၊ မြေထိန်းနံရံလုပ်ငန်း တစ်ခု၊ အုတ်ခြံစည်းရိုးကာရံခြင်း တစ်ခု၊ အဝီစိတွင်း တူးဖော်ခြင်းလုပ်ငန်း လေးတွင်း၊ တန်ဖိုးနည်းအိမ်ရာ တစ်လုံး၊ သာသနာရေးလုပ်ငန်း ၁၇ ခုနှင့် ဦးစီးဌာနလုပ်ငန်း သုံးခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

သတင်းစဉ်