ဆစ်ဒနီ၊ ၂၈ ဒီဇင်ဘာ
ဩစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့မှာ နှစ်သစ်ကူးအကြိုနေ့တွင် လူထောင်ချီပြီးစုဝေးခြင်းကို တားမြစ်လိုက်ကြောင်း သိရပါတယ်။
ဆစ်ဒနီမြို့ဟာ ကမ္ဘာမှာ နှစ်သစ် ၂၀၂၁ ခုနှစ်ကို ပထမဆုံးကူးပြောင်းတဲ့ မြို့တွေထဲက တစ်ခုဖြစ်ရာ နှစ်စဉ် Opera House ဝန်းကျင်မှာ မီးရှူးမီးပန်း ပစ်ဖောက်ကြိုဆိုမှုကို လုပ်ဆောင်လေ့ရှိပါတယ်။
ဆစ်ဒနီမြို့ က ၂၀၂၁ ခုနှစ်နှစ်ကူးကြိုဆိုတဲ့ မီးရှူးမီးပန်း ပစ်ဖောက်ကြိုဆိုမှုကို အိမ်ကနေပဲ ကြည့်ရှုရန် နှစ်သစ်ကူး ကြိုပွဲတော်ကို လာရောက်မယ့်သူတွေကို ပိတ်ပင်တားမြစ်လိုက်ပြီး လူစုဝေးကို ၅၀ အထိသာ ခွင့်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ လလယ်ကစပြီး ဆစ်ဒနီမြို့ရဲ့ မြောက်ပိုင်းဒေသမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ပါတယ်။ ဒီနေ့(တနင်္လာနေ့)မှာ ဒေသတွင်းကူးစက်ခံရသူ ၅ ဦးတွေ့ရှိခဲ့ရာ စုစုပေါင်း ပိုးတွေ့ရှိသူ ၁၂၆ ဦး ဖြစ်လာခဲ့ပါတယ်။ ပိုးတွေ့ရှိသူများလာတဲ့ အတွက် အဲဒီဒေသရှိ လူဦးရေနှစ်သိန်းခွဲကျော်ဟာ တင်းကျပ်တဲ့စည်းမျဉ်းအောက်မှာ ဇန်နဝါရီ ၉ ရက်နေ့အထိ နေထိုင်ဖို့ ညွှန်ကြားလိုက်ပါတယ်။
လူဦးရေ ၂၅ သန်းနီးပါးနေထိုင်တဲ့ ဩစတြေးလျားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၈,၃၀၀ ကျော်နဲ့ သေဆုံးသူ ၉၀၉ ဦး ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP
