ဆစ်ဒနီ၊  ၂၈ ဒီဇင်ဘာ

ဩစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့မှာ နှစ်သစ်ကူးအကြိုနေ့တွင် လူထောင်ချီပြီးစုဝေးခြင်းကို တားမြစ်လိုက်ကြောင်း သိရပါတယ်။

ဆစ်ဒနီမြို့ဟာ ကမ္ဘာမှာ နှစ်သစ် ၂၀၂၁ ခုနှစ်ကို ပထမဆုံးကူးပြောင်းတဲ့ မြို့တွေထဲက တစ်ခုဖြစ်ရာ နှစ်စဉ် Opera House ဝန်းကျင်မှာ မီးရှူးမီးပန်း ပစ်ဖောက်ကြိုဆိုမှုကို လုပ်ဆောင်လေ့ရှိပါတယ်။ 

ဆစ်ဒနီမြို့ က ၂၀၂၁ ခုနှစ်နှစ်ကူးကြိုဆိုတဲ့ မီးရှူးမီးပန်း ပစ်ဖောက်ကြိုဆိုမှုကို အိမ်ကနေပဲ ကြည့်ရှုရန်  နှစ်သစ်ကူး ကြိုပွဲတော်ကို လာရောက်မယ့်သူတွေကို ပိတ်ပင်တားမြစ်လိုက်ပြီး လူစုဝေးကို ၅၀ အထိသာ ခွင့်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ လလယ်ကစပြီး ဆစ်ဒနီမြို့ရဲ့ မြောက်ပိုင်းဒေသမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ပါတယ်။  ဒီနေ့(တနင်္လာနေ့)မှာ ဒေသတွင်းကူးစက်ခံရသူ ဦးတွေ့ရှိခဲ့ရာ  စုစုပေါင်း ပိုးတွေ့ရှိသူ ၁၂၆ ဦး ဖြစ်လာခဲ့ပါတယ်။ ပိုးတွေ့ရှိသူများလာတဲ့ အတွက် အဲဒီဒေသရှိ  လူဦးရေနှစ်သိန်းခွဲကျော်ဟာ တင်းကျပ်တဲ့စည်းမျဉ်းအောက်မှာ ဇန်နဝါရီ ရက်နေ့အထိ နေထိုင်ဖို့ ညွှန်ကြားလိုက်ပါတယ်။

လူဦးရေ ၂၅ သန်းနီးပါးနေထိုင်တဲ့ ဩစတြေးလျားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၈,၃၀၀ ကျော်နဲ့ သေဆုံးသူ ၉၀၉ ဦး ရှိကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP

 

132798988_3570447206374089_346230557384400197_n