ပဲခူး ၂ ဇွန်
ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးဝန်းအတွင်း အစဉ်သန့်ရှင်းနေစေရန်၊ အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရန်အတွက် ဇွန် ၁ ရက် နံနက် ၁၁ နာရီခန့်က အလှူရှင်မိသားစုမှ အမှိုက်ပုံးများ လာရောက်လှူဒါန်းပေးကြောင်း သိရသည်။
PRO 1 Global Home Center မိသားစုက ခေတ်မီသပ်ရပ်သော အမှိုက်ပုံး (၁၀)ပုံး လာရောက်လှူဒါန်းပေးရာ ပဲခူးအထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့အတူ ပဲခူးဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေကြသော လူနာများနှင့် တာဝန်ကျဝန်ထမ်းများအတွက် နေ့လယ်စာအာဟာရဒါနအဖြစ် အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့နေ ဦးတိုးဝင်း+ဒေါ်စီစီခိုင် သားသမီးမြေးမြစ်မိသားစုမှ ခေါက်ဆွဲကြော်များကိုလည်းကောင်း၊ ပဲခူးမြို့ ဟံသာဝတီတိုင်းမ်ဂျာနယ် ထုတ်ဝေသူမိသားစုမှ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး (၁၀)လုံး ဝယ်ယူအသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ် ၁၃၀ဝ၀ဝ ကိုလည်းကောင်း လာရောက်လှူဒါန်းပေးကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)