ပဲခူး ၆ စက်တင်ဘာ

 

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်အတွက် စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဂေါပကအဖွဲ့ရုံးသို့ အလှူရှင်များမှ လာရောက်လှူဒါန်းကြကြောင်း သိရသည်။

 

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရန်အတွက် ယခုအခါ ငြမ်းတော်များအား ကျန်းမာရနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ညွှန်ကြားချက်များနှင့်ညီ ဂေါပကအဖွဲ့မှဦးဆောင်၍ အလုပ်သမားများနှင့်အတူ စက်တင်ဘာ ၁ ရက်မှစတင်ကာ တပ်ဆင်လုပ်ဆောင်နေပြီဖြစ်သည်။

 

လှူဒါန်းပြုလုပ်ရာတွင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ အရန်စေတီတော်များ ရွှေသင်္ကန်းနှင့် ရွှေဆေးသင်္ကန်း ကပ်လှူရန်အတွက် ဦးမန်းဘခိုင်နှင့် ဒေါ်ခင်နီတို့အား ရည်စူး၍ ရန်ကုန်မြို့နေ ဒေါက်တာခင်မောင်ဆွေ + ဒေါ်မြင့်မြင့်ခိုင်မိသားစုမှ အလှူငွေ ကျပ် (၄၅)သိန်း၊ ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့်မိသားစုမှ အလှူတော်ငွေ (၃)သိန်းကျပ်၊  ဦးသိန်းဟန်+ဒေါ်တင်ကြည် မိသားစုမှ (၃)သိန်းကျပ်၊ အရိုးအထူးကုဆရာဝန်ကြီး ဒေါက်တာဝေလွင် + မေ့ဆေးဆရာဝန်ကြီး ဒေါက်တာအေးအေးသန်း မိသားစုမှ (၃)သိန်းကျပ်၊ ဦးကျော်ရှိန် + ဒေါ်စန်းရီ မိသားစုမှ (၃)သိန်းကျပ်တို့ကို အသီးသီးလာရောက်လှူဒါန်းပေးကြရာ ဂေါပကအဖွဲ့တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ လှူဒါန်းမှုအစုစုအတွက် သာဓုအနုမောဒနာ ခေါ်ဆိုကြကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)