နေပြည်တော် ဇန်နဝါရီ ၇

၂၀၂၅-၂၀၂၆ ခုနှစ် ပညာရေးစုံညီပွဲတော်ကို ပဲခူးမြို့ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီး တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများက စုံညီပွဲတော် ဒို့နွှဲပျော် တေးသီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဗဟိုအဆင့် ဆုရရှိသူများ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ထူးချွန်ဆုရရှိသူများအား ဆုများ ပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် အခြေခံပညာအထက် တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တို့က ဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ပညာရေးစုံညီပွဲတော် အထိမ်းအမှတ် ပြခန်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)