နေပြည်တော်  ၁၅  မေ
    

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ကြီးကြပ်၍ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံ သင်တန်းအမှတ်စဉ်(၁/၂၀၁၉)ကို မေ ၁၃ ရက် နံနက်ပိုင်းက ပဲခူးမြို့၊ Famous Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။ 


အဆိုပါ ဒေသဆိုင်ရာဧည့်လမ်းညွှန်အခြေခံသင်တန်းတွင် အင်္ဂလိပ်ဘာသာရပ်၌ သင်တန်းသား (၂၇)ဦး၊ တရုတ်ဘာသာရပ်၌ သင်တန်းသား (၅၀)ဦး၊ ဂျပန်ဘာသာရပ်၌ သင်တန်းသား (၃)ဦး၊ ကိုရီးယားဘာသာရပ်၌ သင်တန်းသား (၅)ဦး၊ စုစုပေါင်း သင်တန်းသား (၈၅)ဦး တက်ရောက်လျှက်ရှိပြီး (၁၃.၅.၂၀၁၉) ရက်နေ့မှ (၈.၆.၂၀၁၉) ရက်နေ့ထိ၊ ရက်သတ္တပတ် (၄)ပတ် သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။


အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးညွန့်ရွှေ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


MDN