ပဲခူး ၃ ဇွန်


    

 ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင် ကျင်းပသည့် World Bicycle Dayအထိမ်းအမှတ်(ဒုတိယအကြိမ်)လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို  ယနေ့ နံနက် ၆ နာရီခွဲက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအား/ကာရုံးရှေ့တွင် ကျင်းပပြုလုပ်သည်။

 

အဆိုပါ လူထုစုပေါင်းစက်ဘီးစီးနင်းပွဲအား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်က သေနတ်ပစ်ပေါက်၍ တာလွှတ်ပေးပြီး ပဲခူးမြို့ရှိ သူနာပြု/သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများနှင့် ပဲခူးမြို့ပေါ် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ စုစုပေါင်း အင်အား(၈၀) ကျော်တို့က ရွှေမော်ဓောဘုရားလမ်း၊ အုတ်ကန်လမ်း၊ သနပ်ပင်လမ်း၊ လိပ်ပြာကန်၊ နာရီစင်(၂၈)လမ်း တို့အတိုင်း ပါဝင်ဆင်နွှဲစီးနင်းကြပြီး ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအား/ကာရုံးရှေ့တွင် ပန်းဝင်ကြကြောင်းသိရသည်။

 

222

 

ပဲခူးတိုင်းဒေသကြီးအတွင်း လူထုစုပေါင်းစက်ဘီးစီးနင်းပွဲများ ကျင်းပပေးခြင်းအားဖြင့် အလားအလာရှိသော ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများကို ဖော်ထုတ် လေ့ကျင့်ပေးနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတော်၏ စက်ဘီးစီးအားကစား အဆင့်အတန်း တိုးတက် မြင့်မားရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် လေထုညစ်ညမ်းမှုလျော့ချရေးကိုရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်ကာ World Bicycle Dayအထိမ်းအမှတ် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူ းဦးစိုးနိုင်ကပြောကြားသည်။

 

World Bicycle Day အထိမ်းအမှတ် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲတော်သို့ ပဲခူးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စက်ဘီးစီးအားကစားသမားများ တက်ရောက်ကြပြီး အထိမ်းအမှတ် အားကစားအင်္ကျီများကူညီပံ့ပိုးပေးသော မီဂါကုမ္ပဏီမိသားစုအား လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)