နတ္တလင်း ၂၆ မေ
သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံးတွင် မေ ၂၆ ရက် နံနက် ၇ နာရီခွဲက လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က ဌာန၏လုပ်ငန်းတာဝန်များနှင့် ထောက်ပံ့ငွေ/ပစ္စည်းများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နတ္တလင်းမြို့နယ်အတွင်း လေပြင်းတိုက်ခိုက်ခံခဲ့ရသော ပြည်သူများအတွက် ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ထောက်ပံ့ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း မေ (၁၅/၁၆/၁၉/၂၀/၃၁) ရက်များတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုလဲနေအိမ်(၅၆)လုံး၊ အမိုးလန်နေအိမ် (၁၀၄၁)လုံး ပြိုလဲအမိုးလန်သွားခဲ့ပြီး အိမ်ထောင်စု(၅၆)စု၊ လူဦးရေ(၂၀၅)ဦး လေဘေးဒဏ်ခံခဲ့ရသည်။ ပြိုလဲနေအိမ်(၅၆)လုံးနှင့် အမိုးလန်နေအိမ် (၁၀၄၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၃၉၆၈၉၂၅၀၊ ပြိုလဲအိမ်ထောင်စု(၅၆)စုရှိ လူဦးရေ(၂၀၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ ကျပ် ၄၃၀၅၀ဝ စုစုပေါင်းထောက်ပံငွေ ကျပ် ၄၀၁၁၉၇၅၀ နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (ပလတ်စတစ်ပုံးအပါ) အိမ်ထောင်စု (၅၆)စုတို့အား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ဟိန်းထက်(ပဲခူး)