ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့ ခေတ္တရာမြို့သစ်ရပ်ကွက်၌ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး

ပြည် ဩဂုတ် ၂၄

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ပြည်မြို့ ခေတ္တရာမြို့သစ်ရပ်ကွက်၌ ပြည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ အခြေခံလူတန်းစားများအတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေးနေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။

 

စားသုံးဆီများကို အခြေခံလူတန်းစားများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချပေးရာတွင် သတ်မှတ်ရည်ညွှန်းဈေး တစ်ပိဿာ (၄၄၀၀)ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် ၅၀ ကျပ်သားဘူး တစ်ဘူးစီ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းဖြစ်ကြောင်း၊ အလားတူ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများအရောက် ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

 

ကိုစိုး(ပြည်)