ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီ-ပြည် ရထားလမ်းတစ်လျှောက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

သာယာဝတီ    ဇွန်     ၁၄

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက သာယာဝတီ-ပြည် ရထားလမ်း တစ်လျှောက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက်   သာယာဝတီ-ပြည်  ရထားလမ်းတစ်လျှောက် မိုးစပါးစိုက်ပျိုးထားရှိမှု၊ သာယာဝတီခရိုင် လက်ပံတန်း ဘူတာအဆောက်အအုံများ ဘက်စုံအဆင့်မြှင့်တင်နိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက်  RBE ရထားတွဲဖြင့် ပြည်ဘူတာသို့ ရောက်ရှိပြီး ဘူတာပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ သန့်ရှင်း သပ်ရပ်မှုရှိစေရေးနှင့် ဘူတာရှေ့ပန်းခြံကို ပြန်လည်ပြုပြင်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)