ပဲခူး  ၁၆ ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ Realm Co.,Ltd မှ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့လှူဒါန်း ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဧည့်ခန်းမတွင် လာရောက်လှူဒါန်းခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် Realm Co., Ltd မှ ဒါရိုက်တာ ဦးကျော်ဝင်းက ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ကုန်တို့အား ထောက်ပံ့လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန်ရွှေတို့မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။

 

ဆက်လက်၍ MFOCN Co., မှလည်း ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများဖြစ်သော Mask နှင့် အပူချိန်တိုင်း စက်များ ထပ်မံလှူဒါန်း‌ပေးခဲ့ကြောင်း သိရသည်။

 

အခမ်းနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)