ပဲခူး ဇွန် ၁၂

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်စိုးမြတ်ထွဋ်နှင့်အတူ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇွန် ၁၂ ရက် နံနက်ပိုင်းက ပဲခူးတက္ကသိုလ်၌  ပြုလုပ်သည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

ရှေးဦးစွာ ၂ဝ၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “ပဲခူးတက္ကသိုလ်မှာ ရုက္ခဗေဒဘာသာရပ် သင်ကြားပေးနေတဲ့ ဆရာ ဆရာမများ၊ ဆည်းပူး လေ့လာနေတဲ့ တက္ကသိုလ် ကျောင်းသား ကျောင်းသူများအနေဖြင့် သစ်တော သစ်ပင်များအား အဝေးသို့ သွားရောက်စရာမလိုဘဲ တက္ကသိုလ်ဝင်းအတွင်းမှာ အနီးကပ် ဆည်းပူးလေ့လာ နိုင်စေရန်နှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စိုက်ပျိုးပြီး ရှင်သန်ကြီးထွားအောင် ပြုစုပျိုးထောင်သွားရမှာ ဖြစ်ကြောင်း” ပြောကြားသည်။ ထို့နောက် ပျဉ်းကတိုးပင်အား သတ်မှတ်နေရာတွင် ဝန်ကြီးချုပ်က ဦးဆောင်ကာ တစ်ပြိုင်နက်စုပေါင်းညီညာ စိုက်ပျိုးပေးခဲ့ပြီး စိုက်ပျိုးနေမှုအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှု အားပေးကြသည်။

 

 

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်၊ ဆရာ ဆရာမများ၊ အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ၊ မိခင်နှင့်ကလေး ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်း/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက် (၃၁) ရပ်ကွက်မှ ဒေသခံပြည်သူများ တက်ရောက်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

 

သက်ဖြိုးကြိုင် ပြန်/ဆက်)