ပဲနွယ်ကုန်း ၂၂ မေ
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းဘူတာ၌ မေ ၂၁ရက် နံနက် ၁၀ နာရီက ခရီးသွားပြည်သူများအား ရထားကြိတ်/တိုက်မှုမဖြစ်စေရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲတွင် ရထားရဲတပ်ဖွဲ့အမှတ်(၁၁)တပ်ခွဲတပ်စု(၂)ကျောက်တံခါးမှ ရဲအုပ် လွမ်းအောင်နှင့်အဖွဲ့သည် ပဲနွယ်ကုန်းဘူတာမှ မီးရထားဝန်ထမ်းများ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် အဖွဲ့ဝင်များ မီးရထားစီးခရီးသွားပြည်သူများအား ရထားကြိတ်/တိုက်မှုမဖြစ်စေရေးနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)