ဟိုပုံး    စက်တင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင်  ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့ ညနေ နာရီအချိန်က ဟိုပုံးမြို့၊ မြို့ဦးရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်ပါရှိနိုင် ရေး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအပြင် နိုင်ငံသား စိစစ်ရေးကတ်ပြား ရရှိစေရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူ များကအိမ်တိုင်ရာရောက် ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနဲ့အညီ ကျေးရွာအရောက် ပြုလုပ်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။  ဆက်လက်၍ ဒုတိယ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဆန်းထွန်း၊   အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သွင်ဦးနှင့် မြို့ဦးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းဆွေတို့က ဟိုပုံးမြို့၊ မြို့ဦးရပ်ကွက်ရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသော ပြည်သူ(၃၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီး ပေးအပ်ခဲ့ကြသည်။ 

ဆက်လက်ပြီး ကျန်ရှိနေသေးသည့် ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ပါရှိနိုင်ရန် ကွင်းဆင်းစိစစ်မှုများ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)