ဟိုပုံး စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးစာစီစာကုံးပြိုင်ပွဲတွင် မြတ်ဆရာခေါင်းစဉ်ဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်အဆင့်ကျောင်းသားကျောင်းသူ(၅၄)ဦး၊ ပန်းချီပြိုင်ပွဲတွင် မြတ်ဆရာခေါင်းစဉ်ဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၂၄)ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၅)ဦး နှင့် ဆောင်းပါးပြိုင်ပွဲတွင် ပညာရေးတိုးတက်ဖို့ ဆရာအရည်အသွေးမြင့်တင်စို့ခေါင်းစဉ်ဖြင့် ဆရာမ(၁)ဦး က ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်