ဟိုပုံး နိုဝင်ဘာ ၁၄

 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ပေါင်လင်းကျေးရွာအုပ်စု၊ နမ့်ကင်ကျေးရွာရှိ တောင်သူ ဦးအောင်နိုင်၏ လယ်ကွင်း၌ နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက ပန်းတိုင်အထွက်နှုန်း မိုးစပါး ရွှေရင်အေး စံကွက်ရိတ်သိမ်းပွဲ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုခဲ့ကြသည်။

 

ရွှေရင်အေးစံကွက်ရိတ်သိမ်းပွဲတွင် ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းဝင်းက မိုးစပါးစံကွက် ရိတ်သိမ်းမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ တောင်သူများက စံကွက်ရိတ်သိမ်းခြင်းနှင့် အထွက်နှုန်း တွက်ချက်ခြင်း လုပ်ငန်းများအပေါ် ကြည့်ရှုခြင်းနှင့် ကူဘိုတာ ရိတ်သိမ်း ချွေလှေ့စက်ဖြင့် ရွှေရင်အေးမိုးစပါး ရိတ်သိမ်းနေမှုကို ကြည့်ရှုကြသည်။

 

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ပေါင်လင်းကျေးရွာအုပ်စု၊ နမ့်ကင်ကျေးရွာနှင့် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဒေသခံ တောင်သူများအား နေကြာမျိုးစေ့အိတ်များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ပေးအပ်ရာ ရွာသူကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြသည်။

 

မောင်မောင်သန်း(ပြန်/ဆက်)