မြိတ် ဧပြီ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မြန်မာနှစ်သစ် မင်္ဂလာအခါ သမယအထိမ်းအမှတ်အဖြစ် လည်း ကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ါငြိမ်းသက်သာခွင့်ဖြင့် မြိတ်အကျဉ်းထောင်၊ ကျောက်ဖြူတောင် ကုန်ထုတ်စခန်းနှင့် နတ်စင်ကုန်း ကုန်ထုတ်စခန်းခွဲတို့မှ အကျဉ်းသား၊ အကျဉ်းသူ (၅၆)ဦးအား လွှတ်ပေးခဲ့ကြောင်း သိရသည်။
ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးရာတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား၊ အကျဉ်းသူများအနက် မြိတ်အကျဉ်းထောင်မှ အကျဉ်းသား(၉)ဦး၊ အကျဉ်းသူ(၂)ဦး၊ ကျောက်ဖြူတောင် ကုန်ထုတ်စခန်းမှ အကျဉ်းသား(၂၁)ဦး၊ နတ်စင်ကုန်းကုန်ထုတ်စခန်းခွဲမှ အကျဉ်းသား(၂၄)ဦး စုစုပေါင်း(၅၆)ဦးတို့အား ဧပြီ ၁၇ ရက် နံနက်ပိုင်းက အဆိုပါနေရာများရှိ တာဝန်ရှိသူများက ဆုံးမစကားများ ပြောကြား၍ စားစရိတ်နှင့် ခရီးစရိတ်များပေးပြီး လွှတ်ပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(မြိတ် ပြန်/ဆက်)