ပျော်ဘွယ် ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့၊ ပြည်သာယာရပ်ကွက်တွင် ဇန်နဝါရီ ၃၁ ရက်၊ နံနက်ပိုင်းက မီးစက်မှ လျှပ်စစ်ဝါယာရှော့ဖြစ်ကာ အိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့သည်။
မီးလောင်ကျွမ်းမှုကြောင့် (၃)ပင်ပတ်လည် နံကပ်၊ သွပ်မိုး၊ တစ်ထပ် အဆောက်အအုံနှင့် အိမ်အတွင်းရှိ ပစ္စည်းများ မီးလောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ရာသို့ မြို့မရဲစခန်းမှူး ဒုတိရဲမှူးကျော်မင်းဆွေနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးနှင့် တပ်ဖွဲ့ဝင်များ၊ အနီးဝန်းကျင်မှ ပြည်သူများ ပူးပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)


