စစ်တွေ ၂၇ မေ
စစ်တွေခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့ မွန်းလွဲ ၂ နာရီက ကလေးငယ်များ မူကြိုအရွယ်မှစ၍ စာကြည့်တိုက်တည်ရှိရာ ရပ်ဝန်းသို့ရောက်ရှိပြီး စာကြည့်တိုက်၌ ပျော်ရွှင်စေရေး ရည်ရွယ်၍ ပျော်ရွှင်ဖွယ်ရာ ကစားနည်း ပြိုင်ပွဲများဖြစ်သည့် ဘိုးလင်းပစ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာလုံးသွင်းပြိုင်ပွဲ ကစားနည်းလေးမျိုး ဆောင်ရွက်ရာ လူမှုဝန်ထမ်းဦးစီးဌာန မူကြိုကျောင်းမှ ကလေးငယ် ၃၀ ဦးပါဝင်က စားကြသည်။
ထို့နောက် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများကို ပြည်နယ်ဦးစီးမှူး၊ ဦးမောင်မောင်၊ မြို့နယ်ဦးစီးမှူး၊ ဒေါ်ခိုင်ဇင်၊ စာကြည့်တိုက်မှူးနှင့် Youth Club အသင်းဝင်းတစ်ဦးက အမှတ်တရ လက်ဆောင်ပစ္စည်း အသီးသီး ချီးမြှင့်ကြသည်။
ထို့အပြင် စာကြည့်တိုက်မှူးက ဖားပြုတ်ကေပုံပြင်အား ပြောပြပြီး ပဲနို့အာဟာရတိုက်ကျွေးခြင်း၊ ကာတွန်းသရုပ်ဖော် ကလေးစာပေစာအုပ်များ လက်ဆောင်ဝေငှပေးခဲ့သည်။
ဝင်းမင်းစိုး(ပြန်/ဆက်)